ကျွန်တော်တို့မြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကြောင်းပြောပြမယ်နော်။ ကျွန်တော်တို့ ဆရာဝန်တွေကို အရမ်းသိက္ခာချနေသူတွေ သိအောင်လို့ပါ။ မြန်မာပြည်က ဆရာဝန်တွေ တစ်ယောက်မှ (ကျွန်‌တော်ဆိုတာက အဝေးကြီး၊ ကျွန်တော့်ရဲ့အထက်က ဆရာ့ဆရာကြီးတွေအပါအဝင်) အလွန်ဆုံးချမ်းသာမှ America made hammer jeep စီးနိုင်တယ်။ အဲဒါထက်မပိုပါဘူး။ အာဆီယံအဆင့်တောင် ချမ်းသာတဲ့သူ တစ်ယောက်မှမရှိပါဘူး။

ဒါပေမယ့် သေချာပါတယ် မြန်မာပြည်မှာ မန်ချက်စတာယူနိုက်တက်လို ဘောလုံးအသင်းကို ဝယ်နိုင်တဲ့သူတွေ အများကြီးရှိတယ်နော။ ဆရာဝန်တစ်ယောက်မှမပါဘူး။ ဟိုက ဒီမိုကရေစီနိုင်ငံတွေမို့ ငွေမည်းကို ငွေဖြူမပြနိုင်လို့ ဝယ်မရတာ။ ဝယ်လို့ရမယ်ဆို ကျွန်တော်တို့နိုင်ငံသားတွေထဲက တန်းစီရွတ်ပြရရင် ဘယ်သူတွေဖြစ်မလဲ နားလည်ကြမယ် ထင်ပါတယ်။

ဆိုလိုတာက ဘယ်လောက်ချမ်းသာပါစေ မှန်မှန်ကန်ကန်မဟုတ်ခဲ့ရင် ဘောင်မဝင်ဘူး။ ဒါကိုသိစေချင်ပါတယ်။ ပြီးတော့ နိုင်ငံတစ်ခုရဲ့ ကဏ္ဍအလိုက် ဘတ်ဂျတ်ခွဲဝေမှု။ ဒါကိုလည်း ပြည်သူတိုင်း သိထားသင့်တယ်။ ဦးနေဝင်း လက်ထက်ကစလို့ ဦးသိန်းစိန် ဆင်းခါနီးအထိ မြန်မာပြည်ရဲ့ ပြည်သူလူထုအတွက် ကျန်းမာရေးဘတ်ဂျတ် နားလည်အောင်ပြောရမယ်ဆိုရင် ကျန်းမာရေးအသုံးစရိတ်က ကျန်းမာရေးဝန်ထမ်းတွေအတွက် လစာပဲပေးခဲ့တာဗျ။ ဆေးရုံတွေ အဆင့်မြှင့်တင်ဖို့၊ ဆေးပစ္စည်းကိရိယာတွေ ဖြည့်တင်းဖို့၊ ဝန်ထမ်းအိမ်ရာတွေ တည်ဆောက်ပေးဖို့ ဘာမှမပါခဲ့ဘူး။ အနုပညာရှင်တွေအတွက်တောင် ပြက်လုံးကြီးဖြစ်ခဲ့တာပေါ့။ ဆေးရုံမှာ ဆရာဝန်၊ ဆရာမ၊ ဆေးဝန်ထမ်းကလွဲပြီး ဂွမ်းလိပ်တောင်မရှိဘူးလို့။ ကျွန်တော်ကိုယ်တိုင်တောင် အမှန်လို့ ယူဆခဲ့မိပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေရှိတယ်။ ဆေးကတော့ ကိုယ့်ဘာသာကိုယ် ဝယ်ကြပေါ့လို့။

မဟုတ်ဘူးဗျ။ ၂၀၁၂ မှာ ရုတ်တရက်ကြီးကို ပြောင်းသွားတယ်။ မောင်သိန်းစိန်လက်ထက်ပေါ့။ ကြားဖြတ်ရွေးကောက်ပွဲ ၄၂ နေရာလေးတောင်မှ အမေစုက သောင်ပြိုကမ်းပြိုနိုင်တာလေ။ ၂၀၁၅ မှာ သူတို့ ဘယ်လိုမှ မနိုင်နိုင်ဘူးဆိုတာ သိသွားပြီ။ ၂၀၁၅ မှာ သူတို့ ဆင်းပေးရမယ်ဆိုတာ သိသွားပြီ။ ဒါပေမယ့် ၂၀၀၈ ခြေဥအရ သူတို့နေရာရှိနေတယ်လည်း ယုံကြည်ထားသေးတယ်။ အဲဒီတော့ အစွမ်းကုန် ယုတ်မာတာပဲ။ မောင်သိန်းစိန် မဆင်းခင်မှာ ဆေးရုံ အားလုံးမှာ လူနာတွေအတွက် ဆေးအလကားဆိုပြီး ဘတ်ဂျတ်တွေ ချပေးသွားတာ မှတ်မိကြမယ်ထင်ပါတယ်။ အရင်က အရက်ပျံ၊ ပတ်တီး၊ ဂွမ်းလိပ်တောင် မရှိခဲ့တဲ့ ဆေးရုံကြီးတွေက ခုတော့ လူနာက အဝတ်တစ်ထည်ကိုယ်တစ်ခုထဲနဲ့လာ ဆေးဝါးတွေ အဆင်သင့်။ တစ်ပြားမှမကုန်တော့ဘူး။ အဲဒီလိုဂျင်းထည့်ခဲ့တာ။ သူတို့ဆင်းရတဲ့အချိန်ကျတော့ အိမ်မှာစိုက်ထားတဲ့ မြက်ခင်းတောင် ခွာယူသွားတာလေ။

ကာကွယ်ရေး အသုံးစရိတ်အတွက် နိုင်ငံတော်ဝင်ငွေ ဘတ်ဂျတ်ရဲ့ ၆၀% လားမသိ ယူမယ်။ စာရင်းစစ်လို့မရ။ မောင်သန်းရွှေ၊ မောင်သိန်းစိန်တို့ရဲ့ ပင်စင်လစာကလည်း ရာချီသေး။ တိုင်းပြည်ရဲ့ ပညာ၊ ကျန်းမာ အသုံးစရိတ်က နိုင်ငံတော်ဘတ်ဂျတ် အသုံးငွေတစ်ခုလုံးရဲ့ ၁% ၂% လောက်ပဲ ၂၀၀၈ ခြေဥအရ ခွင့်ပြုထားခဲ့သေးတယ်။ နောက်ကြောင်းပြန် အရေးမယူရ လို့လည်း ပိတ်ထားခဲ့သေးတယ်။ သေချာပြီ ပြည်သူလူထုကို သူတို့လို အလကားမကုနိုင်တာနဲ့တင် နောက်တက်လာမယ့်ကောင်တွေ နားကားပြီလို့ ထင်ခဲ့ကြတာလေ။ ဘယ်ဟုတ်မှာလဲ ၁% ၂% နဲ့တင် ဖြစ်အောင်လုပ်တယ်။ ဘယ်သူမှ မခိုးဘူး။ ရပိုင်ခွင့်ထဲကတောင် ပေါင်းထည့်ပေးလိုက်ကြသေး။

အလကားကုပေးနိုင်တဲ့အပြင် ဝန်ထမ်းအိမ်ရာတွေပါ ဆောက်ပေး၊ ဝန်ထမ်းသက်သာချောင်ချိရေးပါ လုပ်ပေး၊ သက်ကြီးထောက်ပံ့ကြေးတို့ ကိုယ်ဝန်ဆောင် တောက်ပံ့ကြေးတို့ပါ ပေးခဲ့သေးတာ။ အလကားရတာတောင် ကျွန်တော်တို့ ဆရာဝန်တွေကို ချီးမြှင့်ချင်သူတွေက အပြင်ဆေးရုံခေါ် ပိုက်ဆံပေး၊ လစာနှစ်လကြိုထုတ်ပေး၊ COVID ထိမ်းချုပ်မှု ကမ္ဘာအဆင့်ထိပ်ဆုံးနိုင်ငံထဲပါ ပြောရရင်အများကြီးပါ။ ဒီလောက်ကောင်းခဲ့တဲ့ system တစ်ခုကို ဖျက်ဆီးခဲ့တဲ့သူတစ်ယောက်ကို ဝိုင်းဝန်းထောက်ခံနေသူတွေရှိတာ so amazing ပါ။ ကျန်းမာရေးဝန်ထမ်းတွေ ပါနေတာ ပိုဝမ်းနည်းမိ။ -ာသည်ရှိမှ ထမင်းစားရမယ့်လူတွေ ထောက်ခံတာတော့ ထူးပြီးမခံစားမိပါဘူးဗျာ…။

(စာကြွင်း။ တောင်းပန်ချင်လို့ပါ။ -ာသည် prostitute လို့ ကျွန်တော်စကားရိုင်းသွားတာကို ခွင့်လွှတ်ပါဗျ။ တကယ်ခု international မှာသုံးတဲ့ စကားက လိင်အလုပ်သမား commercial sex worker ပါဗျ။ သူတို့ကို ကျွန်တော် အထင်မသေးပါဘူး။ ခွဲခြားမဆက်ဆံပါဘူး။ မအလ ကိုထောက်ခံသူတွေကိုတော့ ဘာ့ထက်ရွံတယ်ဆိုတဲ့ ခိုင်းနှိုင်းစရာ မရှိပါဗျ။)

ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here