ကျောဘက်ဝက်ခြံထွက်ခြင်းဆိုတာ ကျောပေါ်မှာဖြစ်တဲ့ ဝက်ခြံအမျိုးအစား ဖြစ်ပါတယ်။ အရေပြားအပေါက်လေးတွေ (အပေါက်ငယ်လေးတွေ) က အညစ်အကြေးတွေ၊ ဆဲလ်သေတွေ၊ ချွေးတွေနဲ့ ဆီဘမ်လို့ခေါ်တဲ့ အဆီရည်တစ်မျိုးနဲ့ ပိတ်ဆို့သွားတဲ့အခါဖြစ်တတ်ပါတယ်။
.

❓ဘာကြောင့် ကျောဘက်ဝက်ခြံ ပေါက်ရတာလဲ။

သင့်ခန္ဓာကိုယ်က အဆီကို အလွန်အကျွံထုတ်လုပ်တာ ဒါမှမဟုတ် အရေပြားကို သေချာမသန့်စင်ဘူးဆိုရင် အပေါက်တွေ ပိတ်ဆို့နိုင်ပါတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ –

✅ မျိုးရိုးလိုက်ခြင်း – သင့်မိသားစုမှာ ဝက်ခြံထွက်တဲ့ ရာဇဝင်ရှိရင် သင်လည်း ဝက်ခြံပိုထွက်နိုင်ပါတယ်။

✅ ပွတ်တိုက်မှု – ချွေးစိုနေတဲ့အရေပြားနဲ့ ပွတ်တိုက်မိတဲ့ အင်္ကျီတွေ၊ ကျောပိုးအိတ်တွေ၊ အားကစားပစ္စည်းတွေနဲ့ တခြားအဝတ်အစားတွေက ကျောဝက်ခြံကို ဖြစ်စေနိုင်သလို ပိုဆိုးစေနိုင်ပါတယ်။

✅ ဟော်မုန်းများ – ကိုယ်ဝန်ဆောင်တွေနဲ့ ဆယ်ကျော်သက်အရွယ် (အရွယ်ရောက်စ) လူငယ်တွေမှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဝက်ခြံပိုထွက်တတ်ပါတယ်။

✅ ဆေးဝါးများ – ကော်တီကိုစတီရွိုက်ဆေးတွေအပါအဝင် ဆေးဝါးတချို့က ကျောဝက်ခြံကို ဖြစ်စေနိုင်သလို ပိုဆိုးစေနိုင်ပါတယ်။

✅ သန့်ရှင်းမှုအားနည်းခြင်း – ဆံပင်မသန့်ရှင်းတဲ့လူတွေမှာ ဆံပင်ကအဆီတွေ ကျောပေါ်ပွတ်တိုက်မိတဲ့အခါ ကျောဝက်ခြံထွက်နိုင်ပါတယ်။ မသန့်ရှင်းတဲ့ အိပ်ရာခင်းတွေ၊ မျက်နှာသုတ်ပဝါတွေ ဒါမှမဟုတ် အဝတ်အစားတွေကြောင့်လည်း ကျောဝက်ခြံဖြစ်နိုင်ပါတယ်။

✅ အရေပြားထိန်းသိမ်းပစ္စည်းများ – တချို့ လိုးရှင်းနဲ့ ခရင်မ်တွေက အရေပြားအပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။

✅ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု – စိုးရိမ်ပူပန်မှု ဒါမှမဟုတ် စိတ်ဖိစီးမှုတွေများတဲ့အခါ ခန္ဓာကိုယ်က ကော်တီဆောလို့ခေါ်တဲ့ ဟော်မုန်းကို ပိုထုတ်လွှတ်ပါတယ်။ ကော်တီဆောပမာဏများလာတဲ့အခါ ခန္ဓာကိုယ်က အဆီ‌တွေကို ပိုထုတ်လုပ်ပါတယ်။

✅ ချွေးပိတ်မိခြင်း – ချွေးတွေက အရေပြားနဲ့ အဝတ်အစားကြားထဲမှာ ပိတ်မိနေနိုင်ပါတယ်။ အဲဒီအခါ အပေါက်တွေ ပိတ်ဆို့သွားနိုင်ပါတယ်။ ချွေးအလွန်အကျွံထွက်တဲ့သူတွေ (hyperhidrosis) မှာ ကျောဝက်ခြံဖြစ်နိုင်ခြေ ပိုများပါတယ်။
.

❓လက္ခဏာတွေဘာလဲ။

အဖြစ်များတဲ့လက္ခဏာတွေကတော့ . . .

  • အဆီဖုအမည်းများ (Blackheads)
  • အဆီဖုအဖြူများ (Whiteheads)
  • အနီရောင်အဖုလေးများ (Papules)
  • ပြည်ဖုလေးများ (Pustules)
  • အကျိတ်မာလေးများ (nodules)
  • နီရဲပြီးရောင်ရမ်းခြင်း
  • နာခြင်း
  • အသားအရေမညီညာခြင်း
  • အမဲစက်နှင့် အမာရွတ်များကျန်ခြင်းတို့ ဖြစ်ပါတယ်။
    .

❓ဘယ်လိုလူတွေမှာအဖြစ်များလဲ။

✅ ဆယ်ကျော်သက်များ – ဟော်မုန်းအပြောင်းအလဲကြောင့် အဓိကဖြစ်တတ်ပါတယ်။

✅ အားကစားသမားများ – ချွေးထွက်များတာကြောင့်ဖြစ်တတ်ပါတယ်။

✅ အဆီပြန်အသားအရေရှိသူများ၊ ချွေးထွက်များသူများ
.

❓ဘယ်လိုကုသကြမလဲ။

မပြင်းထန်တဲ့ဝက်ခြံတွေဆိုရင် အိမ်မှာပဲ ကုသလို့ရပါတယ်။

✅ ဝက်ခြံတွေကို မညှစ်ပါနဲ့။

✅ အရေပြားကို သန့် ရှင်းအောင်ထားပါ၊ ရေပုံမှန်ချိုးပါ။

✅ လိမ်းဆေး၊ ဂျယ်လ်နဲ့ သန့်စင်ဆေးတွေကို သုံးကြည့်ပါ။

✅ ဝက်ခြံတွေအရမ်းများလာရင်၊ ခဏခဏပြန်ပြန်ဖြစ်လာရင် အရေပြားအထူးကုဆရာဝန်နှင့်တိုင်ပင်ပြီးကုသပါ။
.

❓ကျောဘက်ဝက်ခြံတွေ မပေါက်အောင် ဘယ်လိုကာကွယ်ကြမလဲ။

✅ ချွေးတအားထွက်တတ်ရင် အဝတ်အစားပုံမှန်လဲပါ။

✅ အရေပြားကို သန့်ရှင်းအောင်ထားပါ။ ရေပုံမှန်ချိုးပါ

✅ အားကစားသမားများက အားကစားအသုံးအဆောင်နဲ့ ကျောပိုးအိတ်တွေကို သန့်ရှင်းအောင်ထားပါ။

✅ နေလောင်ကာခရင်မ် သုံးပါ။

✅ စိတ်ဖိစီးမှုနည်းအောင် နေပါ။

✅ ချောင်ချိတဲ့ ချွေးစုပ်တဲ့အင်္ကျီတွေကို ဝတ်ပါ။

✅ ချွေးပေါက်မပိတ်စေတဲ့ လိုးရှင်း ခရင်မ်တွေ သုံးပါ။
.

❓ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်သလဲ။

✅ ပိုပိုဆိုးပြီး များလာတာ၊ ခဏခဏ ပြန်ပြန်ဖြစ်တာ

✅ ခါးနောက်ကျောက ဝက်ခြံတွေနားမှာ အရမ်းနာကျင်တာ၊ နီရဲတာ၊ ရောင်ရမ်းတာ

✅ ရောဂါပိုးဝင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ကိုယ်ပူတာ၊ ချမ်းတုန်တာ၊ ဝက်ခြံတွေက ပြည်ထွက်တာ ဒါမှမဟုတ် အရမ်းနီရဲပြီး ရောင်ရမ်းတာ… ဒါမျိုးတွေဖြစ်လာရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါလိမ့်မယ်။

တစ်ခါတလေမှာ ပိုးသတ်ဆေး ဒါမှမဟုတ် တခြားသောက်ဆေးတွေ လိုအပ်နိုင်ပါတယ်။ ဒါက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယား (bacteria) ဒါမှမဟုတ် ရောင်ရမ်းတာကို ခန္ဓာကိုယ်အတွင်းပိုင်းကနေ တိုက်ထုတ်ဖို့ အကူအညီပေးပါတယ်…။

Reference : 📚
https:// my. clevelandclinic. org / health/diseases/22756-back-acne

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here