ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီး စားလို့ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ သင်္ဘောသီး စားလို့ရပါတယ်။ ဒါပေမယ့် အသီးက ဝါပြီး အမှည့်ဖြစ်ရပါမယ်။

သင်္ဘောသီးမှည့်ဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကောင်းမွန်ပေမယ့် သင်္ဘောသီးအစိမ်းကိုတော့ မစားသင့်ပါဘူး။

မြန်မာလူမျိုးအများစုဟာ သင်္ဘောသီးကို အမှည့်ရော အစိမ်းရော ၂ မျိုးစလုံး စားလေ့ရှိကြပါတယ်။ အများအားဖြင့် အမှည့်ကို သရေစာ၊ ဖျော်ရည် လုပ်သောက်ကြပြီး အစိမ်းကိုတော့ သင်္ဘောသီးသုပ်၊ သင်္ဘောသီးထောင်းအဖြစ် လုပ်စားလေ့ရှိကြပါတယ်။

အဝါရောင်ရှိတဲ့ သင်္ဘောသီးအမှည့်မှာ….

– Beta-carotene

– Choline

– Fiber

– Folate

– Potassium နဲ့

– Vitamin A, B, C တို့ သဘာဝအတိုင်းပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

အစိမ်းရောင်ရှိသော သင်္ဘောသီးအစိမ်းမှာတော့…

Latex နဲ့

Papain တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။

သင်္ဘောသီးအစိမ်းကိုမှ ဘာလို့ မစားသင့်တာလဲ

သင်္ဘောသီးအစိမ်းမှာပါတဲ့ Latex ဆိုတဲ့ ဓာတ်တစ်မျိုးဟာ သားအိမ်ကိုညှစ်စေတတ်ပြီး ကလေးပျက်ကျတာ၊ အချိန်မတိုင်မီ ကလေးစောစီးစွာ မွေးတာမျိုး ဖြစ်တတ်ပါတယ်။

Papain ဟာလည်း ကလေးမွေးဖွားရ ပိုမိုလွယ်ကူစေဖို့ လှုံ့ဆော်ပေးတဲ့ (တစ်ခါတစ်ရံ အသုံးပြုလေ့ရှိတဲ့ ဆေးဝါး) Prostaglandins နဲ့ ခန္ဓာကိုယ်က မှားနိုင်ပြီး သန္ဓေသားကို ထောက်ပံ့ပေးထားတဲ့ အရေးကြီးတဲ့ အမြှေးပါးတွေကို အားနည်းစေနိုင်ပါတယ်။ ဒါဟာ အန္တရာယ်ရှိသောတုံ့ပြန်မှုကို ဖြစ်စေနိုင်တဲ့ အဖြစ်များတဲ့ ဓာတ်မတည့်မှု ပုံစံတစ်မျိုးကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် သင်္ဘောသီးမှည့်ဟာ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အာဟာရအတွက် ​အကျိုးများပေမယ့် သင်္ဘောသီးစိမ်းကိုတော့ ရှောင်သင့်ပါတယ်၊ အလွန်အန္တရာယ်များပါတယ်။ အစိမ်းကို လုပ်စားတဲ့ သင်္ဘောသီးထောင်း၊ သင်္ဘောသီးသုပ်တွေဟာလည်း အချဥ်၊ အငန်၊ အစပ်တွေ အများကြီးထည့်စားတတ်ကြတာကြောင့် လုံးဝမစားသင့်ပါဘူး။

သင်္ဘောသီးအမှည့်ကိုတော့ သရေစာ၊ ဖျော်ရည် စသဖြင့် မိမိနှစ်သက်ရာ နည်းလမ်းဖြင့် ကိုယ်ဝန်ဆောင်တစ်လျှောက်လုံး စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။ တစ်ပတ်ကို ၁ ကြိမ်၊ ၂ ကြိမ် ပုံမှန်စားပေးခြင်းဖြင့် ကိုယ်ဝန်ဆောင်စဥ်ကာလမှာ အဖြစ်များတဲ့ ဝမ်းချုပ်တာနဲ့ အစာမ​ကြေတာတွေကို သက်သာစေနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျောတာမျိုး မဖြစ်စေဖို့ လတ်ဆတ်သန့်ရှင်းပြီး အမှည့်မလွန်တဲ့ အသီးကို ရွေးချယ်စားသုံးဖို့တော့ လိုပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့က ဒီလိုမျိုး သင်္ဘောသီးမှည့်ကို စားကြပေမယ့်၊ ကိုယ်ဝန်ဆောင်ကာလအတွင်း ဘေးကင်းစွာစားသုံးနိုင်တဲ့ အခြားအာဟာရအရင်းအမြစ်တွေ များစွာရှိနေသေးတာကြောင့် အချို့ကိုယ်ဝန်ဆောင်သည်တွေကတော့ သင်္ဘောသီး မှည့်မှည့်/စိမ်းစိမ်း ကလေးမွေးပြီးတဲ့အထိ လုံးဝမစားကြဖို့ ဆုံးဖြတ်ထားကြတာမျိုးလည်း ရှိပါတယ်။

အစားအသောက်နဲ့ အာဟာရဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အရေးကြီးပါတယ်။

အသီးအနှံတွေဟာ ကောင်းမွန်မျှတတဲ့ အစားအစာဖြစ်ပေမယ့် သင်္ဘောသီးအပါအဝင် အချို့အသီးအနှံတွေကိုတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဂရုပြုဖို့ ညွှန်ကြားထားတာမျိုးလည်း ရှိပါတယ်။

ဥပမာအချို့ကတော့…

????စပျစ်သီး။ စပျစ်သီးမှာပါတဲ့ resveratrol နဲ့ စပျစ်သီးအခွံတွေကို အစာချေဖျက်ဖို့ ခက်ခဲတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စပျစ်သီး စားသင့်/မစားသင့်နဲ့ ပတ်သက်ပြီး ထင်မြင်ချက်အမျိုးမျိုး ရှိပါတယ်။

????နာနတ်သီး။ နာနတ်သီးဟာ ကိုယ်ဝန်ပျက်ကျစေနိုင်တယ်လို့ ထင်မြင်ချက်တွေရှိပေမယ့် ဒါကို သိပ္ပံနည်းကျတော့ အထောက်အထားမပြနိုင်သေးပါဘူး။

ဒါကြောင့် အကယ်၍ သင်သည် ကိုယ်ဝန်ရှိနေပြီ (ဒါမှမဟုတ်) ကလေးယူဖို့ စီစဉ်နေပြီဆိုရင် ရှောင်ကြဉ်ရမည့် အစားအစာတွေ အပါအဝင် သင့်လျော်တဲ့အာဟာရတွေအကြောင်းကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Reference – ????https://www.healthline.com/health/papaya-in-pregnancy…

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here