ကိုယ်လက်လှုပ်ရှားမှုတိုင်းသည် ရောဂါကာကွယ်ခြင်းမှ စိတ်ကျန်းမာရေး မြှင့်တင်ခြင်းအထိ အကျိုးသက်ရောက်မှု ရှိစေသည်။
အရွယ်ရောက်ပြီးသူများသည် သီတင်း (၁) ပတ်အတွင်းတွင်
▪️ အလယ်အလတ် အေရိုးဗစ် ကိုယ်လက်လှုပ်ရှားမှုများကို မိနစ် ၁၅၀ မှ ၃၀၀ မိနစ်အထိ အနည်းဆုံး
(သိုမဟုတ်)
▪️ ပြင်းထန်သော အေရိုးဗစ် ကိုယ်လက်လှုပ်ရှားမှုများကို ၇၅ မိနစ်မှ ၁၅၀ မိနစ်အထိ အနည်းဆုံး
ပြုလုပ်သင့်ပါသည်။
ကြွက်သားများ သန်မာစေသည့် လှုပ်ရှားမှုများကိုလည်း တစ်ပတ်လျှင် အနည်းဆုံးနှစ်ကြိမ် ပြုလုပ်ခြင်းဖြင့် ထပ်တိုး ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေပါသည်။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ









