ကြုံဖူးကြတဲ့သူတွေလည်း ရှိလိမ့်မယ် . . .
ကလေးငယ်တွေ၀မ်းချုပ်ရင် သိပ်သနားစရာကောင်းတာ၊ ၀မ်းညှစ်ရင်းနဲ့ မျက်ရည်တွေကျ၊ ၀မ်းသွားရင်းနဲ့ စအိုကွဲတာတွေ ဖြစ်တတ်ကြ၊ သွေးလေးတွေ တစို့စို့နဲပေါ့။
ဒီအတွက် ဆောင်ရန်/ရှောင်ရန် ဗဟုသုတလေးတွေ မျှဝေပေးချင်လို့ပါ 😇
…
…
မိခင်နို့တစ်မျိုးတည်း သောက်စဥ်မှာတော့ ကလေးတွေက ၀မ်းချုပ်ခဲပါတယ်။ မိခင်နို့ရည်ဟာ လုံလောက်တဲ့ရေဓာတ်ပမာဏပါ၀င်ပြီး အူလမ်းကြောင်းကျန်းမာစေတဲ့ ပိုးလေးတွေနဲ့ အာဟာရဓာတ်မျိုးစုံ ပါ၀င်တာကြောင့် ကလေးတွေ ဝမ်းချုပ်ခဲပါတယ်။ ဒါပေမယ့် ဖြည့်စွက်စာ စကျွေးချိန်မှာတော့ ကလေးအချို့မှာ ၀မ်းချုပ်တာဖြစ်လွယ်ပါပြီ။
အကြောင်းအရင်းကတော့ အဖတ်ကိုကြိတ်ထားတာကို စားရတာမို့ အူလမ်းကြောင်းအနေနဲ့ ရင်းနှီးမှုမရသေးတာကြောင့်သော်လည်းကောင်း၊ ဆန်နဲ့လုပ်တဲ့ ဖြည့်စွက်စာများ၊ ready made ဖြည့်စွက်စာများမှာ fiber ပါ၀င်မှု မလုံလောက်တာကြောင့်သော်လည်းကောင်း၊ ရေတိုက်တာမလုံလောက်သောကြောင့်သော်လည်းကောင်း ၀မ်းချုပ်တတ်ကြပါတယ်။
…
…
ဘယ်လိုဆိုရင် ၀မ်းချုပ်တယ်လို့ သတ်မှတ်လို့ရသလဲဆိုရင်တော့…
- ကလေးလေးက အီးအီးကို တအားညှစ်နေရတာ
- ၀မ်းသွားပြီးရင် စအိုကွဲသလို မြင်ရတာ
- သုတ်ပေးရင် သွေးစလေးတွေပါလာတာမျိုး
- အီးအီးအတုံးက အတုံးလိုက်ကျစ်ကျစ်ကြီး ဖြစ်နေတာ
- တစ်ပတ်ကို ၃ ကြိမ်အောက်ပဲ အီးအီးပါတာမျိုးဆိုရင်တော့ ၀မ်းချုပ်တယ်လို့ ခေါ်လို့ရပါတယ်။
…
…
ဒီတော့ ၀မ်းမချုပ်အောင် ဖြည့်စွက်စာ စကျွေးပြီဆိုရင် ဆန်းကစ်သီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ ပန်းသီး စတဲ့ အသီးတွေကို ကြိတ်ကျွေးတာ၊ အရည်ညှစ်တိုက်တာ မျိုးလုပ်ပေးပါ။ ငှက်ပျောသီးလိုအသီးက အာဟာရဓာတ်များပေမယ့် တချို့ကလေးတွေမှာတော့ ၀မ်းပိုကျစ်သွားစေပါတယ်။
ရေကို ခဏခဏတိုက်ပေးပါ။ ရေသောက်လို့ ထမင်းမစားတော့မှာ၊ နို့မစို့တော့မှာ မပူပါနဲ့။ အမြဲချွေးထွက်နေရင် ပိုလို့တောင် ရေသောက်ဖို့လိုပါတယ်။ ကလေးစုပ်သောက်လွယ်တဲ့ရေဘူးလေး သီးသန့်ထားထားပြီး သင်ပြထားပေးလို့ရပါတယ်။
လွတ်လွတ်လပ်လပ်မှောက်၊ လှုပ်ရှားဆော့ကစားပါစေ။ ၀မ်းဗိုက်ကို သာသာလေး စက်၀ိုင်းပုံစံနှိပ်ပေးတာမျိုး၊ ခြေထောက်လေးတွေ လှုပ်ရှားပေးပြီး ဆော့ကစားပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။
အကျိုးပြုတဲ့ အဏုဇီ၀ပိုးများပါတဲ့ ဖြည့်စွက်စာ (probioitics) ဆေးတွေ အထုပ်လေးတွေကတော့ ဆရာ၀န်ရဲ့ညွှန်ကြားချက်နဲ့ တိုက်လို့ရပါတယ်။ ကလေးက သေးသေးလေးမို့ မိမိတိုက်ကျွေးမိတဲ့ပမာဏ များသွားနိုင်တာကို သတိပြုဖို့လိုပါတယ်။ ဆရာ၀န်နဲ့မတိုင်ပင်ဘဲ မတိုက်ပါနဲ့နော်။
မြန်မာဆေးများ၊ လေဆေးများ၊ လူကြီးဆေးများ၊ တိုင်းရင်းဆေးများ၊ အရွက်စိမ်းများ၊ ညှစ်ရည်များကိုတော့ မတိုက်သင့်ပါ။
မေမေတို့အနေနဲ့ စိတ်အေးအေးထား စိတ်ရှည်ရှည်ထားပြီး အီးမထွက်လို့ဘူနေတဲ့ ဘေဘီလေးတွေအပေါ် နားလည်မှုပေးနိုင်ဖို့လည်း လိုပါတယ်။ စိတ်ခွန်အားပေးတာ၊ ရှင်းပြပေးတာ၊ ရေတိုက်ပေးတာ၊ စိတ်အေးအောင်ချော့ပေးတာတွေလည်း လိုအပ်ပါတယ်။
နောက်တစ်ချက်အနေနဲ့ကတော့ မိဘများထဲမှာရော ၀မ်းချုပ်တတ်တဲ့အကျင့်ရှိလား၊ သူတို့မှာ ဘယ်လိုလုပ်ရင် ၀မ်းချုပ်တာသက်သာလဲဆိုတာနဲ့ ကလေးမှာလည်း ထိုနည်းကိုသုံးလို့ရနိုင်ပါတယ်။ ဥပမာပြောရရင် အသီးအရွက်စားမှ ၀မ်းမချုပ်တဲ့မိဘများဆို ကလေးလေးရဲ့ ဖြည့်စွက်စာမှာလည်း အသီးအရွက်ပုံမှန်ထည့်ကျွေးပေးဖို့လိုပါတယ်။ ဒိန်ချဥ်စားမှ၀မ်းသွားတဲ့ မိဘများဆိုလျှင်လည်း ဒိန်ချဥ်ကျွေးကြည့်နိုင်ပါတယ်။
ဒိန်ချဥ်ကျွေးတဲ့အခါ အချိုမပါတာနဲ့ အဆီမလျှော့ထားတဲ့ အခဲမျိုးကို ရွေးချယ်ပါ။ ကလေးစားတဲ့ဇွန်းလေးနဲ့ တစ်ဇွန်းသာသာပမာဏကသာ စကျွေးပါ။ ချဥ်တဲ့အတွက် နို့ရည်နဲ့ရောတာ၊ အသီးကြိတ်ထားတာထဲ ရောတာ၊ ဖြည့်စွက်စာဖျော်ထားတာထဲ ရောတာမျိုးလုပ်ပြီးကျွေးနိုင်ပါတယ်။ ပမာဏမများစေဖို့ရယ်၊ ပျားရည်နဲ့မရောမိစေရယ်ဖို့တော့ အလွန်အရေးကြီးပါတယ်။ တစ်နှစ်အောက်ကလေးများမှာ ပျားရည်လုံး၀ မတိုက်ရပါ…။
အာဟာရဆရာဝန်တစ်ဦး
Telekyanmar
Ref: 📖
https:// www. healthline. com /health/childrens-health/remedies-for-baby-constipation#seeking-help
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.